head ad

Monday, August 21, 2017

အမေရိကားမှာ ဂျပန်ဆူရှီရောင်းရင်း မီလျံနာဖြစ်သွားတဲ့ မြန်မာလူမျိုး ဖိလစ်မောင်

မြန်မာနိုင်ငံသား ဖိလစ်မောင် Philip Maung (အမည်စာရင်း-မောင်ဖုန်းလွင်)ဟာ ၁၉၈၉ ခုနှစ်မှာ အိတ်ကပ်ထဲ အမေရိကန်ပိုက်ဆံ ၁၃ ဒေါ်လာပဲဖြစ်ပါပြီး အမေရိကန်နိုင်ငံကိုရောက်သွားခဲ့တယ်။ အဲဒီကိုရောက်ကာစမှာ သူဟာကြုံရာအလုပ်တွေလုပ်ရင်း ဘ၀ကိုခက်ခက်ခဲခဲ ရုန်းကန်နေခဲ့တယ်။ နေစရာမရှိလို့သူငယ်ချင်းရဲ့ ကားထဲမှာ တစ်ပတ်လောက် ည အိပ်ခဲ့ရတယ်။ ဂျပန်အစာဆူရှီလုပ်နည်းကို တစ်ပတ်နဲ့အတတ် သင်ယူခဲ့တယ်။ နောက်ပိုင်းမှာအမေရိကန်အနှံ့မှာ ဆူရှီဆိုင်တွေဖွင့်ရင်းအောင်မြင်လာခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်ကိုဖိတ်ခေါ်ပြီး ချီးကျူးဂုဏ်ပြုခံရတဲ့ စီးပွားရေးလုပ်ငန်းရှင်ထဲမှာ သူ ပါဝင်ခဲ့တယ်။ သူ့ကိုဖိတ်ခေါ်ဂုဏ်ပြုခံရတဲ့ အကြောင်းကတော့ အမေရိကန်နိုင်ငံ စီးပွားရေးကျနေချိန်မှာ သူ့ကုမ္ပဏီက အမေရိကန်နိုင်ငံသားများစွာကို အလုပ်ပေးထားခဲ့လို့ပါတဲ့။ သူဟာအမေရိကန်ဟာ မီလျံနာသူဌေးတစ်ယောက် ဖြစ်နေပါပြီ။ ဒါပေမယ့် သူဟာအောင်မြင်မှုကိုလွယ်လွယ်ကူကူရခဲ့တာမဟုတ်ပါဘူး။
ဖိလစ်မောင်ရဲ့အဖိုးနဲ့အဘွားနဲ့ဟာ တရုတ်ပြည်မကြီးကပါ။ သူ့ကိုဒုတိာ ကမ္ဘာစစ်ကြီးမပြီးခင်မှာ ရေကြည်ရာမျက်နုရာရှာရင်းနဲ့ မြန်မာပြည်မှာ အခြေချနေထိုင်ခဲ့ပါတယ်။သူ့အဖေနဲ့အမေဟာ မြန်မာပြည်မှာမွေးဖွားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့်ဖိလစ်တို့မောင်နှမ ၆ ယောက်ဟာ ငယ်ငယ်ကတည်းက ဆင်းဆင်းရဲရဲချို့ချို့တဲ့တဲ့နဲ့ နေခဲ့ကြတယ်။ဖိလစ်နဲ့စသူ့အစ်ကိုဟာ ကျောင်းဆင်းတဲ့အချိန်မှာ အဖေရဲ့ ၀က်ခေါက်ကင်အလုပ်ကို ၀င်လုပ်ကြတယ်။ အိမ်ရောက်တာနဲ့ ၀က်ခေါက်က ၀က်မွှေးတွေကို ဇာဂနာနဲ့ တစ်မွှေးဆီဆွဲနှုတ်တယ်။ အချိန်အရမ်းကုန်သလို အတော်ပင်ပန်းတဲ့အလုပ်ပါ။ တစ်ခါတစ်လေသူတို့ဟာ ညည့်နက်သန်းခေါင်အထိတောင်လုပ်ကြတယ်။
ဖိလစ်ဟာ အဲဒီဆင်းရဲပင်ပန်းမှုကို ဘ၀သင်ခန်းစာတစ်ခုလို့ မှတ်ယူလိုက်တယ်။ ဆင်းရဲရင် ဒီလိုပင်ပင်ပန်းပန်း လုပ်ကိုင်စားသောက်ရပါလားဆိုတဲ့စိတ်ဓာတ်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရလိုက်တယ်။ သူ့မှာပျော်ရွှင်စရာကောင်းတဲ့ ကလေးဘ၀ဆိုတာမရှိခဲ့ဘူး။ ကျောင်းက အိမ်ပြန်ရောက်ရင်နဲ့ ကျောင်းပိတ်ရက်တွေဆို အဖေရဲ့ဝက်ခေါက်ကင်လုပ်ငန်းကို ၀ိုင်းကူလုပ်ပေးတယ်။ ဒီလိုနဲ့သူ့ရဲ့ကလေးဘ၀ဟာ ကုန်ဆုံးသွားခဲ့တယ်။ ဆင်းရဲတွင်းထဲက လွတ်မြောင်အောင်ပညာတတ်အောင်လုပ်မယ်လို့ဆုံးဖြတ်လိုက်တယ်။ သူ့အဖေဟာ နိုင်ငံခြားဟောလိဝုဒ် ဇာတ်ကားတွေအရမ်းကြိုက်တယ်။ သူရုပ်ရှင်သွားကြည့်ရင် ဖိလစ်ကိုအမြဲခေါ်သွားလေ့ရှိတယ်။ ဖိလစ်ဟာရုပ်ရှင်ကားထဲက သူရဲကောင်းတွေ စွန့်စားသူတွေ၊ ဆင်းရဲတဲ့ဘ၀ကနေ အောင်မြင်ကြီးပွားသွားသူတွေကို အားကျနေပြီး ဆင်းရဲတွင်းက လွတ်မြောက်ချင်စိတ် တစ်နေ့တစ်ခြားပြင်းပြလာခဲ့တယ်။
သူဟာကျောင်းမှာ စာအရမ်းကြိုးစားပြီး စားမေးပွဲတွေမှာ အမြဲတမ်းထိပ်ဆုံးအဆင့်ကအောင်လေ့ရှိတယ်။ နောက်ပြီးညမအိပ်ခင်မှာ နာမည်ကြီးအင်္ဂလိပ်ဝတ္ထုရှည်ကြီးတွေကိုဖတ်တယ်။ သိပ်နားမလည်ပင်မဲ့ ကြိးစားဖတ်တယ်။ မသိတဲ့ စာလုံးအဓိပ္ပယ်တွေကို အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာ ရှာကြည့်တယ်။ အင်္ဂလိပ်စာ တိုးတတ်ဖို့ သူ့ဘာသူကြိုးစားလာခဲ့တာ။ နောက်ပြီး ဒေးလ်နဲ့ ဂျီရေးတဲ့ How to win Friends and Influence People စာအုပ်ကို အပြန်အလှန်ဖတ်ပြီး လူတွေနဲ့ဆက်ဆံရေးမှာ လက်တွေ့စမ်းသုံးကြည့်တယ်။
ဖိလစ်ဟာ ၁၀ တန်းမှာ ဂုဏ်ထူးနဲ့အောင်တဲ့အတွက် ရန်ကုန်ဆေးတက္ကသိုလ်မှာ တတ်ဖိုအမှတ်မှီခဲ့တယ်။ ဒါပေမယ့် ဆေးကြောင်းတတ်ပြီး ၃ လအကြာမှာ သူ့မိဘတွေက နိုင်ငံခြားသား (FRC)ဖြစ်လို့ဆိုပြီး ကျောင်းဆက်တတ်ခွင့်မရတော့ပါဘူး။ အဲ့ဒီခေတ်ကအစိုးရက နိုင်ငံခြားသွေးနှောသူတွေကို ဆရာဝန်၊ အင်ဂျင်နီယာ စတဲ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကို တတ်ခွင့်မပြုပါဘူး။ သူတို့ဟာ ရိုးရိုးမေဂျာဘာသာရပ်တွေကိုပဲ သင်ယူခွင့်ရှိတယ်။ ကျွန်တော်တို့မိဘတွေရော၊ ကျွန်တော်တို့မောင်နှမတွေက မြန်မာနိုင်ငံမှာ မွေးဖွားကြီးပြင်းလာကြတာပါ။ ဒါပေမယ့်ကျွန်တော်တို့ကို အစိုးရက နိုင်ငံခြားသားလို့ပဲ သတ်မှတ်ပြီး နိုင်ငံသားမသတ်မှတ်ခဲ့ပါဘူး။ သူဟာဆေးတက္ကသိုလ်မတတ်ရတာကြောင့် ရန်ကုန် ၀ိဇ္ဖာနဲ့သိပ္ပံတက္ကသိုလ်မှာ ဓာတုဗေဒဘာသာရပ်ကို ပြောင်းလဲသင်ယူခဲ့တယ်။
ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံ တက္ကသိုလ်ကနေ ၁၉၈၇ ခုနှစ်မှာ ဓာတုဗေဒဘာသာနဲ့ ဘွဲ့ရခဲ့တယ်။ဘွဲ့ရပြီး မကြာခင်မှာ သူဟာထိုင်ဝမ်နိုင်ငံက တက္ကသိုလ်တစ်ခုကို ကျောင်းတက်ခွင့်ရဖို့ လျှောက်လိုက်တယ်။ တက်ရောက်ခွင့်ရသလို ပညာသင်စကောလာရှစ်ဆိုကို ရခဲ့ပါတယ်။ ဒါကြောင့်သူဟာထိုင်ဝမ်ကိုသွားပြီး ကျောင်းသွားတတ်တယ်။ ဒါပေမယ့်သူဟာ ပထမနှစ်မှာပဲကျောင်းထွက်လိုက်ရတယ်။ ဘာလို့ဆိုတော့သူဟာ တရုတ်စာမှာအားနည်းတာကြောင့် စာမလိုက်နိုင်လို့ပါ။မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ဖို့ အဆင်မပြေတာမို့လို့ မြန်မာနိုင်ငံကိုမပြန်တော့ပဲ ထိုင်ဝမ်ကနေ အမေရိကန်ဝင်ခွင့်ဗီဇာလျှောက်လိုက်တယ်။ ဗီဇာကျလာတဲ့အခါ အမေရိကန်ကိုသွားဖို့ လေယာဉ်စရိတ်မလောက်လို့ သူ့မိဘတွေရဲ့သူငယ်ချင်းတွေဆီကနေပြီးတော့ ပိုက်ဆံချေးပြီး လေယာဉ်လက်မှတ်ဖိုးဝယ်လိုယ်။ ၁၉၈၉ ခုနှစ် သူ့အသက် ၂၂ နှစ်မှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ့်မြို့ကိုထွက်လာခဲတယ်။ သူ့အိပ်ကပ်ထဲမှာ အမေရိကန် ၁၃ ဒေါ်လာပဲရှိပြီး အမေရိကန်မှာလည်း အသိမိတ်တွေတစ်ယောက်မှ မရှိပါဘူး။ ဘာလုပ်စားလို့ ဘာဖြစ်မယ်ဆိုတာမသိပေမယ့် သူ့စိတ်ထဲမှာတော့ ဘ၀မှာ မစွန့်စားရင် အောင်မြင်မှုမရှိဘူးလို့ ဆံဖြတ်ချက်ချထားတယ်။
အမေရိကန်နိုင်ငံရောက်တော့ ပတ်စပို့စ်ထဲက သူ့နာမည် မောင်ဖုန်းလွင်ဟာ အမေရိကန်တွေရဲ့ ထုံးစံအတိုင်း ဖုန်းလွင်မောင်ဖြစ်သွားပြီး အမေရိကန်လူမျိုးတွေခေါ်ရခက်မှာဆိုးလို့ သူကိုယ်သူ ဖိလစ်မောင် လို့နာမည်ပေးခဲ့တယ်။ ရောက်ခါစကတော့ အသိမိတ်ဆွေမရှိဘူး။ သိပ်မကြာခင်မှာ ရန်ကုန်ဆေးတက္ကသိုလ်မှာ တတ်ခဲ့စဉ်အခါတုန်းက သိကျွမ်းခင်မင်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်နဲ့ အဆက်အသွယ်ရလိုက်တယ်။ အဲဒီလူဟာ လော့စ်အိန်ဂျယ်လိစ့် တက္ကသိုလ်မှာကျောင်းတတ်နေတာပါ။ သူကနေစရာမရှိတော့သနားပြီး သူ့အခန်းဆောင်မှာ ခေါက်ကုတင်လေးနဲ့ အိပ်ခိုင်းတယ်။ ဒါပေမယ့် တခြားအခန်းဖော်တွေက အခန်းထဲမှာလူပိုတစ်ယောက်လာနေတာကို မကြိုကလို့ ဖိလစ်ကိုမောင်းထုတ်လိုက်ကြတယ်။ ဒါကြောင့်ဖိလစ်ဟာညပိုင်းမှာ တစ်ပတ်လောက် သူငယ်ချင်းကားထဲမှာအိပ်ခဲ့ရတယ်။ အဲ့အချိန်ဟာသူ့ဘ၀မှာ အခက်အခဲဆုံးအချိန်ပါလို့ ပြောပြတယ်။ ဒါပေမယ့် သူဟယအခက်အခဲတွေကို ကြံကြံခိုင်ရင်ဆိုင်ဖို့ စိတ်ဆုံးဖြတ်ထားတယ်။ မကြာခင်မှာသူက အထည်ချုပ်တဲ့အလုပ်တစ်ခုမှာ အ၀တ်အစားထုတ်တွေအတင်အချလုပ်ပေးရတဲ့ အလုပ်လုပ်ရလို့ အခန်းကျဉ်းလေးထဲမှာ ငှားနေလိုက်တယ်။ နောက်ပိုင်းတော့ ညပိုင်းမှာ ဓာတ်ဆီဆိုင်မှာဆီဖြည့် ကားရေဆေးအလုပ်လုပ်လိုက်တယ်။ ညပိုင်းအလုပ်လုပ်တော့ နေ့ခင်းပိုင်းမှာသူ့အတွက် အင်္ဂလိပ်စာလုပ်ဖို့ အချိန်တော်တော်ရခဲ့ပါတယ်။ သူဟာစာအုပ်တွေကို ရသလောက်ဖတ်တယ်။ယခုလက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရယ့် အကြောင်းနဲ့ သူ့၇ဲ့အိမ်မြေလုပ်ငန်းတွေကနေ ကြီးပွားချမ်းသာတဲ့အကြောင်းတွေကိုအားကျလာတယ်။ လော့စ်အိန်ဂျယ်လိစ့် က အိမ်လှလှလေးတွေ၊ တိုက်ခန်းတွေကိုကြည့်ရင်း တစ်နေ့ကျအဲ့လိုအိမ်မျိုးမှာနေနိုင်ရမယ်လို့ သူစိတ်ကူးမိတယ်။ ဒါကြောင့်အိမ်ခြံမြေ အိမ်ခြံမြေ၀ယ်ရောင်းလုပ်ရင်ကောင်းမလားလို့စိတ်ကူးမိတယ်။ အိမ်ခြံမြေရောင်းဝယ်ရေးသင်တန်းသွားတတ်တယ်။ လိုင်စင်ရလို့ တကယ်လည်းအလုပ်လုပ်တော့ စိတ်မပါတော့ဘူး။ အဲဒီလိုဖြစ်သွားတာက သူ့မှာအရောင်းအ၀ယ်လုပ်ဖို့အသိမိတ်ဆွေမရှိတာရယ်၊ အင်္ဂလိပ်စာကို သွက်သွက်မပြောတတ်တာရယ်ကြောင့် နောက်တစ်ချက်ကလဲ ဒီလုပ်ငန်းနဲ့ သူကြီးပွားမှာမဟုတ်ဘူးဆိုတာ သူ့စိတ်ထဲကအလိုလိုသိနေတယ်။ အဲဒီအချိန်မှာ ၁၉၉၁ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးကျနေတာကြောင့် လူတွေဟာ အိမ်တွေ၊မြေတွေ ၀ယ်ဖို့စိတ်မ၀င်စားကြဘူး။
သူဘာကိုစိတ်ဝင်စားလည်းဆိုတာ ခေါင်းအေးအေးထားပြီးစဉ်းစားတယ်။ အဲဒီမှာ သူလုပ်ချင်တယ်ဆိုတာ အစားအသောက်ရောင်းတဲ့အလုပ်ဆိုတာသိလိုက်တယ်။ ဒါပေမယ့်သူဟာ တစ်ခါမှ အစားအသောက်ရောင်းတာမျိုး မလုပ်ဖူးဘူး။ သူ့အဖေရဲ့ဝက်ခေါက်လုပ်ငန်းမှာ ၀င်ရောက်ကူညီပေးတာမျိုးပဲရှိတယ်။ အစားအသောက်ရောင်းဖို့ဒီအချိန်ဟာ အခွင့်အရေးပဲလို့သူတွေးတယ်။ အမေရိကန်လူမျိုးတွေဟာ အစားအရမ်းစားတဲ့လူတွေဖြစ်တာကြောင့် အစားအသောက်လုပ်ငန်းဟာ ဘယ်လိုမှအရှုံးမထွက်နိုင်ဘူးဆိုတာ သူတွက်မိနေတယ်။ အမေရိကန်နိုင်ငံမှာ ဆူရှီဆိုင်တွေ တစ်နေ့တစ်ခြားများလာတာရယ် အမေရိကန်လူမျိုးတွေဟာ ဆူရှီကိုနှစ်ခြိုက်စွာ စားနေကြတာကို သူသတိထားမိလာတယ်။ ဆူရှီဆိုင်ဖွင့်ပြီးရောင်းဖို့စိတ်ကူးလိုက်တယ်။
ဒါပေမယ့်သူဟာ ဆူရှီမစားဖူးဘူး။ ဒါကြောင့်ဆိုင်တစ်ဆိုင်ကိုသွားပြီး ဆူရှီစားကြည့်တယ်။ ဆူရှီအရသာကိုကြိုက်သွားသလို ဆူရှီဆိုင်ရဲ့အပြင်အဆင်ကိုလည်းကြိုက်သွားတယ်။ အ၀တ်အထည်နဲ့လူသုံးကုန်ပစ္စည်းတွေရောင်းတဲ့ ကုန်တိုင်ကြီးတွေရဲ့စားသောက်ဆိုင်တွေမှာ ဆူရှီဆိုင်ဖွင့်ရင် ဆိုင်ခန်းကသက်သာမယ်။ ဆိုင်ခန်းခသက်သာရင် အရင်းအနှီးသိပ်မလိုဘူး။ အောင်မြင်ရင် ဆက်တိုးချဲ့ဖွင့်မယ်။ ဒါပေမယ့်အကောင်အထည်ဖော်ဖို့ဆူရှီကိုဘယ်လို အစာလုပ်ရမယ်ဆိုတာကိုသူမသိဘူး။ ဆူရှီဆိုင်အပြင်အဆင်ကို ဘယ်လိုလုပ်ရမလဲလည်းသူမသိဘူး။ ဒါပေမယ့် စိတ်အားထက်သန်နေတဲ့ ဖိလစ်ဟ လိုရင်ကြံဆ နည်းလမ်းရ ဆိုတဲ့ ဆောင်ပုဒ်တိုင်း နည်းလမ်းရှာပါတယ်။
ဂျပန်နိုင်ငံမှာဆိုရင် ဆူရှီလုပ်နိုင်တဲ့ စာဖို့မှူးတစ်ယောက်ဖြစ်ဖို့အတွက်နှစ်ပေါင်းများစွာ သင်ယူလေ့ကျင့်ရတယ်။ ထမင်းချင်တာနဲ့ အသီးအရွက်လှီးတာကိုပဲ နှစ်နဲ့ချီလေ့ကျင့်၇တယ်။ ဖိလစ်အတွက် ဒီလောက်အများကြီး အချိန်ယူ မသင်ချင်ဘူး။ဒါကြောင့်သူဟာ မြန်မြန်တတ်မဲ့နည်းလမ်းကိုရှာတယ်။ သူဟာအမေရိကန်နိုင်ငံမြို့တစ်ချို့မှာ AFC ဆူရှီဆိုင်တွေ ဖွင့်ထားတဲ့သူဌေးကြီး ရန်ချိုကို သွားတွေ့ပြီး သူနေထိုင်တဲ့ လော့စ်အိန်ဂျယ်လိစ့်မြို့မှာ ဆူရှီဆိုင်ဖွင့်ခွင့်တောင်းတယ်။ ရတဲ့အမြတ်ကို ခွဲဝေပေးမယ်ပေါ့။
သူက ရန်ချိုကိုကျွန်တော်အခုဆိုင်အနောက်ဘက မီးဖိုကနေ လိုအပ်တာအကုန်လုပပေးပါ့မယ်။ လုပ်ခပေးစရာမလိုပါဘူး။ ဆူရှီလုပ်နည်းတတ်ဖို့ အချိန်တစ်ပတ်ပဲပေးပါ။ တစ်ပတ်အတွင်းကျွန်တော်တတ်အောင် လုပ်ပါ့မယ်။
လို့ပြောတယ်။သူဌေးကြီးကည်းသူ့ရဲ့စိတ်အားထက်သန်မှုကို သဘောကျပြီး ဆူရှီဆိုင်ဖွင့်ခွင့်ပေးလိုက်တယ်။ အဲ့ဒီ တစ်ပတ်အတွင်းဟာ ဖိလစ်ဟာ ရသလောက်အပြင်းအထန်လေ့လာတယ်။ နေ့မအိပ်၊ညမနာ. လေ့လာတယ်။ အရမ်းကိုပင်ပန်းတယ်။ ဒါပေမယ့် ငယ်ရွယ်စဉ်အခါက ၀က်ခေါက်ဝင်မွှေးကို တစ်မွှေးချင်းဆီနှုတ်ရတာလောက် မပင်ပန်ဘူးလို့ ပြောရင်းစိတ်ဖြေတယ်။သူကကျွန်တော်အဓိကလေ့လာတာက လာစားသူတွေကို ဘယ်လိုဆက်ဆံတယ်။ ဘယ်လို ၀န်ဆောင်မှုပေးတယ်ဆိုတာကိုပါ။ လုပ်ငန်းဆိုတာတကယ်တော့ ပစ္စည်းရောင်းခြင်းထက် ၀န်ဆောင်မှုပေးတာ ပိုအဓိကကျတယ်ဒီစကားက လုပ်ငန်းလုပ်နေသူတွေအတွက် မှတ်သားစရာပါ။
လအနည်းငယ်အကြာမှာ ဖလော်ရီဒါးပြည်နယ်၊ အော်လန်ဒိုမြို့မှာ AFC လက်အောက်ခံ ဆူရှီဆိုင်စဖွင့်တယ်။ တဖြည်းဖြည်းနဲ့သူဟာ လုပ်ငန်းကျွန်းကျင်သူ သူဌေးတစ်ချို့နဲ့ရင်းနှီးလာတယ်။ အဲဒီလူတွေက သူ့ကို ဆူရှီဆိုင်ဖွင့်ဖို့တိုက်တွန်းတယ်။ သူတို့လည်းအစုငွေထည့်ဝင်ကျမယ်ပေါ့။ ဒါပေမယ့်သူဌေးတွေအချင်းချင်း အစုငွေထည့်ဝေမယ့်ကိစ္စမှာ သဘောတူညီမှုမရတာကြောင့် ဆူရှီဆိုင်ဖွင့်မယ့်ကိစ္စ အစီအစဉ်ပျက်သွားတယ်။ ဒါကြောင့်ဖိလစ်ဟာ သူ့ဘာသူဆိုင်ဖွင့်ဖို့ငွေအရင်းအနှီးရအောင် ဘဏ်တွေမှာလိုက်ချီးတယ်။ ဒါပေမယ့် ဘင်္ဏ်တွေဟာ ချေးဖို့နေနေသာသာ လက်ခံပြီးတောင် စကားမပြောဘူး။ သူ့မှာ ဘဏ်တွေကိုပေါင်ထားစရာ အိမ်လည်းမရှိ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားလည်းပြစရာမရှိဘူး။ သူလဲ မသက်သာတော့ AFC သူဌေးကြီဆီမှာ ဆိုင်ပြန်ဖွင့်ခွင့်တောင်းတော့ ချားလော့နယ်မြေမှာ AFC ဆူရှီဆိုင်ဖွင့်ခွင့်ရတယ်။ ဖိလစ်လည်း အခြေအနေ မပေးသေးတော့ မူလအလုပ်ရှင်ဆီ ပြန်ပြေးကပ်ရတာပေါ့။
နောက် ၂ နှစ်အကြော ၁၉၉၈ ခုနှစ်မှာ ဖိလစ်ဟာ ဆူရှီအစာ ရောင်းချတဲ့ လုပ်ငန်းကိုကြွမ်းကျင်လာပြီမို့ AFC နဲ့ လမ်းခွဲခဲ့တယ်။ ဒီတစ်ခါတော့ သူတကယ်လမ်းခွဲလိုက်တာပါ။ ကိုယ်ပိုင်ဆူရှီဆိုင်ကို မဖြစ်ဖြစ်အောင်ဖွင့်မယ်ဆိုပြီး ခိုင်ခိုင်မာမာဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီတစ်ခါလဲဘဏ်တွေဆီမှာပိုက်ဆံလိုက်ချီးတာမရပါဘူး။ သူစုထားတဲ့ ပိုက်ဆံလေးနည်းနည်းရယ် မိသားစုရဲ့အကျွေးဝယ် ကဒ်တွေနဲ့ အတိုးအကြီးကြီးပေးပြီး ပိုက်ဆံချီးပီးနောက်ဆုံးမှာတော့ ဆူရှီဆိုင်လေးဖွင့်နိုင်ခဲ့တယ်။ ဆိုင်နာမည်ကို Hissho Sushi(ဟီရှိုဆူရှီလို့) လို့ နာမည်ပေးလိုက်တယ်။ ဂျပန်လိုဆို ကျိန်းသေပေါက်အောင်မြင်မှုလို့ အနက်အဓိပ္ပာယ်ရတယ်။ အခုသူ့ဘေးမှာ လက်တွဲလုပ်မဲ့ ပါတနာတစ်ယောက်ရှိနေပါပြီ။ နူးယောက်မြို့သင်္ကြန်ပွဲမှာ ဆုံတွေ့ချစ်ကြိုက်ပြီး လက်ထပ်လိုက်တဲ့ သူ့မိန်းမ Kristina Tong ပါ။ မြန်မာအမျိုးသမီးပါပဲ။ ဆူရှီဆိုင်တွေကိုဖွင့်ဖို့ Lwin Family ဆိုတဲ့နာမည်နဲ့ ကုမ္ပဏီထောင်လိုက်တယ်။ ချားလော့နယ်မြေမှာ ပထမဆုံးဖွင့်လိုက်တဲ့ ဟီရှိုဆူရှီ ဆိုင်ဟာ အရမ်းရောင်းကောင်းလာတယ်။ ဒါကြောင့်ဆိုင်သစ်တွေကို တိုးချဲ့ဖွင့်လာရတယ်။ ဆိုင်ဖွင့်ပြီး ၁၀ နှစ်တာကာလအတွင်းမှာ ဆိုင်တွေအများဖွင့်နေရလို့ ၀န်ထမ်းတွေလည်းအများကြီးခန့်ရတယ်။ အမေရိကန်နိုငငံရဲ့ ပြည်နယ်ပေါင်း ၄၀ ဆယ်က ကုန်တိုက်တွေ၊ လေဆိပ်တွေ၊ ဆေးရုံကြီးတွေ၊ တက္ကသိုလ်တွေ၊ စစ်တပ်တွေမှာ ဆူရှီဆိုင်ပေါင်း ၇၀၀ ကျော်ဖွင့်လှစ်နိုင်ခဲ့တယ်။ ၂၀၀၈ ခုနှစ်မှာ အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းနေလို့ အလုပ်လက်မဲ့များနေတဲ့ကာလမှာ အလုပ်ပေးနိုင်ခဲ့လို့ပါပဲ။ ဒီအတွက်ကြောင့်လည်း ၂၀၁၁ ခုနှစ်မှာ အမေရိကန်သမ္မတ အိုဘားမားက အိမ်ဖြူတော်ကိုဖိတ်ပြီး ဂုဏ်ပြုတဲ့အခမ်းအနားကိုတတ်ရောက်ရတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေထဲမှာ ဖိလစ်တစ်ယောက်ပါဝင်ခဲ့ရသလို သူဟာသမ္မတကတော်ထိုင်တဲ့ ရှေ့ဆုံးတန်းက ထိုင်ခုံနေရာမှာ ထိုင်ခွင့်ရပါတယ်။
သူ့လုပ်ငန်းတွေ ဘာကြောင့်ဒီလောက်အောင်မြင်လဲလို့မေးတော့ ဒီလိုပြန်ဖြေခဲ့တယ်။