နောက်တစ်ကြိမ်သာ အခွင့်အရေးရမယ်ဆိုရင်
တခါက အရမ်းချစ်ကြတဲ့ အတွဲလေး တစ်တွဲရှိတယ်ဗျ...
ကောင်လေးက ကောင်မလေးကို ချစ်ပေမဲ့ နောက်ပိုင်း အလုပ်တွေများလာတဲ့ အခါ မှာ ကောင်မလေးကို မေ့မေ့ရော့ရော့ဖြစ်လာခဲ့တယ်...သူကြိုးစားနေတာက ကောင်မလေးနဲ့ နီးဖို့ဆိုတာမေ့လာတယ်... တနေ့မှာ ကောင်လေး ကသူ့အလုပ်တွေကို လုပ်နေတဲ့အချိန်
ကောင်မလေးကို ဂရုမစိုက်မိဘူး...ကောင်မလေးက စိတ်ဆိုးပြီး ထွက်သွားတဲ့ အချိန်မှာ...ကားတစ်စီးက ကောင်မလေးကို ၀င်တိုက်ပြီး ကောင်မလေး ပွဲချင်းပြီး သေသွားပါတော့တယ်...
ကောင်လေးက သူ့အမှားကို သိတဲ့ အခါ နေ့တိုင်းငိုကြွေးပါတော့တယ်...
သူ့ အမှားတွေကိုပြင်ဆင်ဖို့ အခွင့်အရေးတောင်းဆိုခဲ့ပါတယ်...
ဒါနဲ့ပဲ...
သူ အိပ်ယာက နိုးထလာတဲ့ခါ ကောင်မလေး မဆုံးခင်က နေ့လေးကို အချိန်ကာလက နောက်ပြန်ရောက်သွားပါတော့တယ်... အဲ့မှာ ကောင်လေးက သူ့ အမှားတွေအတွက် ကောင်မေလေး အပေါ်ကို ဘယ်လို တန်ဖိုးထားလဲနောက်ပြီး... သူ ဘ၀နဲ့ရင်းပြီး ဘာတွေ ပေးဆပ်ရသလဲဆိုတာကို MV လေးရိုက်ထားတာပါ..သီချင်းလေးလည်းကောင်းသလို အရမ်းလည်းခံစားရတယ်ဗျာ