head ad

Monday, August 17, 2015

Heart Broken Ghost !!

ကျွန်တော်ဗျာ…ဆယ်တန်းအောင်တဲ့ နှစ်မှာပဲ ချစ်သူတစ်ယောက်ရခဲ့တယ်။ ပထမဦးဆုံး အချစ်ဦးပေါ့။ သူက ကျွန်တော့ထက် ၂နှစ်ကြီးတယ်။ မိဘလက်ငုတ်လက်ရင်း အလုပ်ကို မလုပ်ပဲ သူ့ဘာသာသူ လမ်းသစ်ဖောက်ပြီး ကိုယ်ပိုင် စီးပွားရေးလုပ်တယ်။ သူ့အလုပ်က ကျောက်အရောင်းအဝယ်ဆိုလားပဲ။ ကျွန်တော်နဲ့ သူ ချစ်သူဖြစ်နေတာကို မိဘတွေက သိသွားကြတယ်။ သူ့ရဲ့အရည်အချင်းကို မိဘတွေက သိတော့ ကျွန်တော်နဲ့သဘောတူခဲ့တယ်။ သို့ပေမယ့် ကျွန်တော့ကိုတော့ သူတို့ သဘောတူပါတယ်လို့ မပြောသေးဘူး။ သူက ကျွန်တော့ကို မောင်လို့ခေါ်တယ်။ ကျွန်တော်ကတော့ သူ့ကို မ ပေါ့။ သူက လူရည်အရမ်းလည်တယ်။ သွက်တယ်။ ဥာဏ်ကောင်းတယ်။ သူများထက် တစ်ကွက် ကြိုမြင်တတ်တယ်။ ဆိုးတာက ချစ်သူတွေပဲ အပြင်သွားချင်လို့ချိန်းတဲ့အခါကျရင် ဒီနေ့အရောင်းဝယ်သမား တစ်ယောက်နဲ့ချိန်းထားလို့ မောင်ရယ် မနက်ဖြန်မှ သွားကြမယ်နော် …။ဒီလိုပြောတော့ ကျွန်တော့စိတ်ထဲမှာ ကလိ ကလိ ခံပြင်းလွန်းတယ်။ အလိုလိုနေရင်း ဘယ်သူ့ကို ဒေါသ ဖြစ်လို့ ဖြစ်မှန်းမသိ စိတ်တွေ အရမ်းတိုတာပဲ။ အနားမှာ ရှိတဲ့အရာအားလုံးနဲ့ ရံနံကို ပစ်ခွဲပေါက်ပစ်တဲ့အထိ။ ဒါတင်မကသေးဘူး…။အပြင်သွားတဲ့အခါကျရင်လဲ ချစ်တဲ့အကြောင်းပြောတာ တစ်ခါမှ မကြားရဘူး။ သူ့စီးပ္ပားရေး အကြောင်းတွေ ပြောတယ်။ ကျွန်တော်က ချစ်တဲ့အကြောင်းလေး ကြားချင်တယ်လို့ပြောတော့။ အရေးမကြီးပါဘူး အဓိက ကျွန်တော်တို့နှစ်ယောက် လက်ထပ်ကြတဲ့အခါ မိဘတွေဆီက အကူညီမယူပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် မင်္ဂလာဆောင်ချင်လို့ သူအခု စီးပ္ပားရေးလုပ်နေတာပါလို့ပြောတယ်။ ကန်တော်ကြီးမှာ နှစ်ယောက်တည်းဆုံဖြစ်တယ်။ နှစ်ယောက်တည်း ထိုင်နေရင်း သူ ရုတ်တရက် ရေသန့်ဘူးရောင်းတဲ့ဆိုင်ကို ပြေးသွားတယ်။ ပြီးတော့ ရေသန့်ဘူး တစ်ဘူး ဝယ်လာတယ်။ သူကိုယ်တိုင် ရေသန့်ဘူး ပါကင်ဖောက်တယ်။ ပြီးတော့ ကျွန်တော့ကို အရင်သောက် သူနောက်မှ သောက်မယ်။ တကယ်ဆိုဗျာ ကျွန်တော်က သူရေဆာတယ်ပြောလို့ ရေသန့်ဘူးကို အပြေးလေးသွားဝယ်ပြီး ကျွန်တော်ကိုယ်တိုင် ရေဘူးလေး ဖွင့်ပြီး သူ့ကို တိုက်ချင်တာပေါ့။ နောက်…
နှစ်ယောက်သား အိမ်ပြန်လို့ ဘတ်(စ်)ကား စီးတဲ့အခါကျရင်လဲ ကားလာပြီးဆိုတာနဲ့ သူအရှေ့က အရင်ပြေးသွားပြီး ကားပေါ်ကိုတတ်လိုက်တယ်။ ကားပေါ်ကနေ ကျွန်တော့်ကို လက်လှမ်းပေးတယ်။ သူ့လက်ကို ကိုင်ပြီး တတ်ခဲ့ဆိုတဲ့ သဘောနဲ့။ ကားပေါ်ရောက်လို့ ထိုင်ခုံ တစ်ခုနေရာတည်း ရှိတဲ့အခါဆိုလဲ
သူက မိန်းကလေးပဲ ကျွန်တော်က ဦးစားပေးရမှာပေါ့ ။ ဒါကို မဟုတ်ဘူး
``မောင် ထိုင်လိုက်နော်…မ ဒီနားမှာ ရပ်မယ်… ´´
``မ…မ …ထိုင်လေ…မောင်က ယောက်ျားလေး ဘယ်လိုလုပ် သင့်တော်မှာလဲ…´´
``မောင်ရယ်…မောင်ပဲ ထိုင်လိုက်ပါ…နောက်ပြီး မောင်ပဲ ကားမူးတတ်တာ…မောင်ပဲ ထိုင်လိုက်ပါနော်…´´
ကြည့်စမ်းပါဦး…ဒီလိုပြောတော့ ဘေးက သူတွေက ကျွန်တော့ကို ဘယ်လို မြင်ကျမလဲ။ သူမတွေးတတ်ဘူး။ ဒါတင်မကဘူး သူ့အခန်းမှာ မီးချောင်းလဲတာတို့ သံရိုက်တာတို့ ဆေးသုတ်တာတို့ဆိုလဲ သူကိုယ်တိုင်ပဲ လုပ်တယ်။ ဒီတော့ သူ့ချစ်သူဖြစ်တဲ့ ကျွန်တော်ဆိုတဲ့ကောင်က ယောက်ျားရဲ့အစွမ်းတွေ ဘယ်မှာ သွားပြရတော့မလဲ…။ပတ်ဝန်းကျင်ကလဲ သူ့ကို ချီးကျူးလိုက်တာ…။ ကောင်မလေးက ငယ်ငယ်ရွယ်ရွယ်နဲ့စီးပ္ပားရေးလုပ်တတ်တယ် တော်လိုက်တာ။ ဒီလိုတွေ ပြောတော့ သူနဲ့တွေ့တဲ့အခါတိုင်း ကျွန်တော် ကိုယ့်ကိုကိုယ် အားငယ်နေမိတယ်။ ကျွန်တော်လဲ သိပ်ညံ့တဲ့ကောင် မဟုတ်ပါဘူး။ ဒါပေမယ့် သူနဲ့ယဉ်လိုက်ရင် ကျွန်တော် ဟာ ဘာမှ သုံးစားမရတဲ့ကောင် တစ်ကောင်အဖြစ် အလိုလိုပြောင်းလဲသွားတယ်။ တော်ပြီဗျာ…စိတ်ညစ်တယ်။ သူ့ကို အဆက်သွယ် ဖြတ်ပစ်လိုက်တယ်။ အိမ်ကမိဘတွေက လူတော် ကောင်မလေးတစ်ယောက်ကို ကျွန်တော် စွန်လွတ်လိုက်ရမလား ဆိုပြီး စိတ်ဆိုးတယ်။ ကျွန်တော့်ကို ပြန်ပြီး ဆက်သွယ်ဖို့ အကြိမ်ကြိမ်ပြောတယ်။ ဒါပေမယ့် တော်ပါပြီဗျာ။ ကျွန်တော်လိုချင်တဲ့ ချစ်သူဆိုတာ ဒီလိုပုံစံမဟုတ်သေးဘူး။ နောက် သုံးလလောက် ကြာတော့ ကျွန်တော် ချစ်သူတစ်ယောက် ထပ်ရလာတယ်။ သူက ကျွန်တော့ ထက်ငယ်တယ်။ ကျွန်တော့ကို ကိုကိုတဲ့။ ကျွန်တောက သူ့ကို နွယ်ပေါ့။ သူကလေ သိပ်ချစ်ဖို့ကောင်းတယ်။ ကျွန်တော့အပေါ်မှာ အရမ်းဆိုးတယ်။ အရမ်းလဲ နွှဲ့တယ်။ ရေသန့်ဘူးလေး ဖွင့်တာက အစ …
``ကိုကို…နွယ့်ကို ရေဘူးလေး ဖွင့်ပေး´´
ဒီလိုပြောတော့ ကျွန်တော့ကို အားကိုးတယ်ဆိုတဲ့ပုံပေါ်တာပေါ့လေ။ နောက်ပြီး ဘတ်(စ်)ကား စီးလို့နေရာမရရင်လဲ ကျွန်တော့ အကျီကို အနောက်ကနေ ကလေးလေး တစ်ယောက်လို ဆွဲကိုင်ထားတတ်တယ်။ ကျွန်တော်သိပ်ကို ပီတိ ဖြစ်မိတယ်။ သူ့ကို တစ်ရက် မတွေ့ရရင် ကျွန်တော် တစ်ခုခုလိုနေသလို ခံစားလာရတယ်။ သူ့ကျောင်းလွယ်အိတ် ဇစ်မှာ သော့ချိတ်လေး တတ်တာကအစ ကျွန်တော့ကို အားကိုး တကြီး တပ်ခိုင်းတယ်လေ။ ဒါမှ ကျွန်တောဟာ သူ့အတွက် ယောက်ျားဖြစ်ပြီးပေါ့။ တစ်ခုတော့ရှိတယ်။ သူက သူနဲ့မဆိုင်ရင် ဘာကိုမှ စိတ်မဝင်စားဘူး။ စပ်စုတာတို့ဘာတို့လဲ မရှိဘူး။ ကျွန်တောသူ့ကို အရမ်းချစ်တာပဲဗျာ။ သူနဲ့ဝေးရရင် ကျွန်တော် သေသွားနိုင်တယ်။ နေ့တိုင်း သူ့သင်တန်းကျောင်းကို ကျွန်တော် အကြိုပို့လုပ်ခဲ့တယ်။ ကျွန်တော်လာကြိုလို့ မရောက်လာသေးရင်း အမြဲတမ်းပဲ သင်တန်းအရှေ့က ကားဂိတ်လေးမှာ အမြဲတမ်းစောင့်နေတတ်တယ်။ တစ်ခါတစ်လေ နောက်ကျရင် ကျွန်တော့ကို စိတ်ကောက်လိုက်တာများ ပြောမနေပါနဲ့တော့ ။သိပ်ကို ချစ်ဖို့ကောင်းတာပဲ နွယ်ရယ်။ မင်းကိုလေ ကိုကို သိပ်ချစ်တယ် သိလား။

ဒီဇင်ဘာလ ၁၂ ရက်နေ့ နွယ်နဲ့ကျွန်တော် အပြင်သွားမလို့ သင်တန်းကနေ ကျွန်တော် စောစောဆင်းလာပါလို့ ပြောထားခဲ့တယ်။ အဲ့နေ့ကဆို ကျွန်တော်လေ အရမ်းပျော်ခဲ့တယ်။ နွယ့်ရဲ့သင်တန်းအရှေ့မှာ ချိန်းထားတာ ညနေ ၄နာရီ ကျွန်တော် အစောဆုံးသွားချင်တယ် ။ ဒါကြောင့် ကျွန်တော် အိမ်ကအစောကြီးထွက်လာခဲ့တယ်။ နွယ့် သင်တန်းအရှေ့ ကားဂိတ်လေးမှာ ကျွန်တော် ထိုင်စောင့်နေခဲ့တယ်။ နာရီကြည့်လိုက်တော့ ၃နာရီ …အိုး…နွယ်မလာလောက်သေးပါဘူး။ ကျွန်တော် ရင်တွေ အရမ်းခုန်တာနဲ့ ကနာမငြိမ် ပလက်ဖောင်းပေါ်လျောက်နေမိတယ်။ ကျွန်တော် နွယ့်ကို စမယ် ။ အဝေးကနေ နွယ့်ကို ချောင်းကြည့်မယ်။ နွယ်ထွက်လာရင် ကျွန်တော် သွားမခေါ်သေးပဲ သူစိတ်ဆိုးတာလေးကို အရမ်းချစ်လို့ ချော့မယ်လေ။ မကြာပါဘူး နွယ် သင်တန်းဝန်းထဲကနေ ဘယ်ကြည့် ညာကြည့် ထွက်လာတယ်။ ကျွန်တော် တစ်ဖက်ကားဂိတ်ကနေ ချောင်းကြည့်နေခဲ့တယ်။ နွယ့်မျက်နှာလေး နည်းနည်းဆူလာခဲ့ပြီး။ ကျွန်တော် ပြုံးနေမိတယ်။ ရပါပြီး ဒီလောက်ဆို ကျွန်တော် သွားမယ်။ ကျွန်တော် ကားလမ်းဖျက်ကူးလိုက်တယ်။ အဲ့မှာဗျာ ကားတစ်စီးက လမ်းပြောင်းပြန်မောင်းမိပြီး လမ်းအမှန်ကို ပြန်အဝင် အလည်မျင်းကျောင်းမှာ ရပ်နေတဲ့ကျွန်တော့ကို ဖျက်တိုက်သွားခဲ့တယ်။ ကျွန်တော့်တစ်ကိုယ်လုံး ပူခြစ်တောက်သွားခဲ့တယ်။ အလင်းရောင်များစွာက ကျွန်တော့ကို တောက်ပလောက်အောင်ပဲ ဖန်တီးပေးသလား။ အဲ့လိုမဖြစ်ခင် အချိန်ပိုင်းမှာ ကျွန်တော် လမ်းပေါ်မှာ လဲကျနေရင်း နာကျင်မှု့တစ်ခုကို ခံစားရတယ်။ ဟိုးဘက် ကားလမ်းမှာ ရှိနေတဲ့ နွယ့်ကို ကျွန်တော် တစ်ချက် လှမ်းကြည့်မိတယ်။ နွယ်ကတော့ ကျွန်တော့ကို မတွေ့ပါဘူး။ ကျွန်တော် အလူးလဲထပြီး နွယ့်ဆီကို အပြေးသွားမို့ထလိုက်သေးပါတယ်။ ဒါပေမယ့် ကျွန်တော် လုံးဝ မထနိုင်တော့ဘူး။ ကျွန်တော် ထနိုင်တဲ့အချိန် နာရီကြည့်လိုက်တော့ ညနေ၄ နာရီ ၂၀ ကျွန်တော် နွယ်နဲ့ချိန်းထားတာ နောက်ကျနေပြီးလေ။ နွယ်ရှိနေတဲ့နေရာက်ု ကျွန်တော်အပြေးသွားခဲ့တယ်။ ဟုတ်ပါရဲ့ဗျာ နွယ် ကျွန်တော့ကို နှုတ်ခမ်းလေးဆူပြီး သင်တန်းရှေ့ကားဂိတ်မှာ စောင့်နေတုန်းပဲ။ ကျွန်တော့ကို ကားတိုက်မိလို့ လူတွေ ဝိုင်းအုံကြည့်နေတဲ့နေရာကို မဆိုင်သလိုပါပဲ သူတစ်ချက်ကြည့်ပြီး နေဝင်တော့မယ် ကျွန်တော် ဘယ်တွေ ခြေရှည်နေလဲဆိုပြီး ။ နွယ် တစ်ယောက် တကယ့်ဒေါသတွေ ဖြစ်လာတော့တယ်။

``နွယ်ရေ…ကိုကို…မင်းအနားမှာရှိတယ်လေ…ကိုကိုပြောနေတာကို နားထောင်ပါဦး …နွယ်ရယ်…ကိုကို ကို စိတ်မကောက်နဲ့တော့နော်…နွယ်ကလဲလေ…ကိုကို ကအမြဲနောက်ကျတတ်တာပဲ…နွယ်သိရဲ့သားနဲ့…ကိုကို ကို စကားလေး ပြန်ပြောပါဦး…နွယ်ရယ်…´´
ကျွန်တော် သူ့အနားမှာ စကားတွေ ပြောနေခဲ့တယ်။ ဒါပေမယ့် နွယ်က ကျွန်တော့စကားတွေကို မကြားတဲ့အတိုင်း ။ လူတွေ အုံနေတဲ့နေရာက်ု မဆိုင်သလို သူကြည့်ပြီး မစပ်စုတတ်တဲ့ နွယ်စိတ်ညစ်ပြီး ပြန်သွားခဲ့တယ်လေ။
``နွယ်…ကိုကို ကို စကားပြန်ပြောပါဦး စိတ်မကောက်ပါနဲ့တော့
နွယ်ရယ်…နော်…ကိုကိုလေ နွယ့်ကို အရမ်း ချစ်တယ်´´
ကျွန်တော် တကယ်ပါပဲ မယုံနိုင်ပါဘူးဗျာ ။ကျွန်တော် သေသွားခဲ့ပြီး။ နွယ်ရေ ကိုကို သေသွားပြီးတဲ့။ ကျွန်တော် သိသိချင်းပဲ အရမ်းဝမ်းနည်းမိတယ်။ အရမ်းခံစားရတယ်။ ဒါပေမဟ့် နွယ်ရယ် နွယ့်ကိုလေ ကိုကို အဲ့နေက အိမ်အထိ လိုက်ပို့ပေးခဲ့ပါတယ်။ နွယ်အနားမှာပဲ ကိုကို တစ်ချိန်လုံး ရှိနေခဲ့တာ။ မငိုပါနဲ့နွယ်ရယ်။ ကိုကိုတို့က ဘဝခြားနေပြီပဲ…။ နွယ်နဲ့ချိန်းပြီး အဲ့နေ့က အပြင်မသွားနိုင်တော့တာ ကိုကို ကို ခွင့်လွတ်ပေးပါ နွယ်ရယ်……။ ။

credit to စာရေးသူ-ထီးကလေး(ရင်နှင့် ရင်း၍ ရေးသည်။)
(လေချွန်နတ် အမေး)