head ad

Saturday, August 15, 2015

Ghost Story 1

'ဆရာမ မတွေတာကြာပီနော်''
''ဟုတ်ပ သမီးရယ် သမီးကျန်းမာရေးကရော''
''အခုတော့ သက်သာနေတယ် ဆရာမ
ဆရာမ ရန်ကုန်ကို ဘယ်တုန်ကပြန်ရောက်
တာလဲ အိမ်တောင်လာမလည်ဘူးနော် ''
''လာမလို့စိတ်ကူးထားပါတယ် ကို့လူနာအိမ်ပဲ
ပြန်ရောက်တာ တပတ်ပဲရှိပါသေးတယ်
ဆရာမလဲ သမီးကို သတိရနေတာပါ ဆရာမ
အခုသွားတဲ့ သံပင်ရွာက ခေါင်တယ် ဖုန်းတိုင်တွေ မရှိဘူးလေ ကားလမ်းတောင်
မပေါက်ဘူး ငမဲမြို့ထိပဲကားလမ်းရှိတာ
ရွာကို လှည်းနဲ့သွားကတယ် ၆ နာရီလောက်
သွားမှရောက်တာလေ လမ်းပန်းမသာတော့
ဘယ်သူကိုမှ မဆက်သွယ်နိုင်ဘူး အကုန်လုံးနဲ့
အဆက်အသွယ်ပျတ်ကော တာဝန်ကျတဲ့
၃နှစ်အတွင်း ''
"ဆရာမဒီကိုအခုရာထူးတိုနဲ့ ပြန်လာတာလို့ကြားတယ် စစ်စတာကြီးအနေနဲ့လို့
ဟုတ်လားဆရာမ အမှန်ဆို မုန့်ကျွေးရမှာနော် ''
''ကျွေးမှာပါ သမီးရယ် အခုတော့ဆရာမချိန်ထား
တာရှိလို့ သွားတော့မယ်နော် သမီး အမေ့ကို
လာခဲ့ပါမယ်လို့လဲပြောပေးပါအုံးနော် ''
''ဟုတ် ဆရာမ ''
( တလခန့်ကြာပီနောက် )
''သမီးရေ ဒီမှာ ဘယ်သူလာလဲ လာကြည့်ပါအုံး''
''ဟာ ဆရာမ လာလည်တယ် ပျော်လိုက်တာ''
''ဒါကသမီးအတွက်မုန့် ဒါက ဦးနဲ့ဒေါ်လေးအတွက် ပျားရည်ပါ သံပင်ထွက်
ဇီးပျားရည်စစ်စစ်''
''ဆရာမရယ် အားနာစရာ ဒီတိုင်လာလဲရရဲ့သားနဲ့
အေးအေးဆေးဆေးမှာပြန်နော် ဦးတို့က ဆရာမနဲ့
စကားလေးဘာလေးပြောချင်သေးလို့''
''ဟုတ် သမီးညနေမှပြန်မှာပါ ဒီနေ့ဂျူတီမရှိဘူး''
''သမီးရေ ဆရာမကို လိုက်ပို့လိုက်အုံး
ဒီမှာပြန်တော့မယ်တဲ့ မြန်မြန်လာ''
''လာပါပီ ဖိနပ်စီးနေလို့ပါ အမေ သမီး ဆရာမကို မုန့်ကျွေးပီိမှာလာမယ်နော်''
''အေးအေး''
''အဖေ့ကား သမီးယူသွားပီနော် လာ ဆရာမသွားကျမယ်''
''သမီး အခုတလော စာရေးနေတယ်ဆို
အဆင်ပြေလား ဘယ်လိုအကြောင်းတွေရေးတာလဲ''
''ဝါသနာအရပါ ဆရာမ online မှာတင်တယ်လေ ပရလောကအကြောင်းလေးတွေပါ
အဖြစ်မှန်ကို အခြေခံရေးတာလေ ဆရာမ
ကိုယ်တွေ့လေးရှိရင်ပြောပြပါနော် သမီးရေးချင်လို့''
''ရှိတယ် သမီးရဲ့ ဟိုတလောတွေ့ကတဲ့ကပြောပြချင်တာ မချိန်မရလို့
ဆိုင်ရောက်မှပြောမယ်လေ ''
''ဒီလို သမီးရေ တညပေါ့ ဆရာဝန်ကြီးကလဲမရှိ
ဘူး အစည်းအဝေရှိလို့ မြို့တက်သွားတာ
တပတ်လောက်ကြာမယ် ဆရာမရယ် ဆရာဝန်ကြီးမိန်းမရယ် ကလေး၂ယောက်ရယ်ပဲ
ရှိတယ် ရွာဆေးပေးခန်းဆိုတော့ ဆရာမတို့အတွက်အိမ်နဲ့ကပ်လျှက်လုပ်ပေးထား
တာလေ အဲ့ညမှာပဲ ''
''ဒေါက် ဒေါက် ဒေါက် လူရှိပါသလားဗျာ
ကျနော်မှာ လူနာပါလာလို့ပါ အရေးကြီးနေလို့ပါ
တံခါးလေးဖွင့်ပေးပါအုံးဗျာ''
ဆရာမလဲ လန့်နိုတော့ တံခါးသွားဖွင့်လိုက်တယ်
''အမလေး ဆရာကတော် ဆရာကတော်
ဒီမှာလာကြည့်ပါအုံး ''
''ဘာဖြစ်တာတုံး အို သွေးတွေနဲ့ပါလား''
ကောင်လေးတယောက် ကောင်မလေးတယောက်ကိုပွေ့ပီ ရပ်နေလေရဲ့
နှစ်ယောက်လုံးမှာလဲ သွေးတွေပေးလို့ မြင်မကောင်းအောင်ပေနေတာ
''ဘာဖြစ်လာကျတာလဲမသိဘူး ဆရာကတော်ရယ်''
''ကျနော် လမင်းလေးကို ကယ်ပေးပါနော်
ကျနော်တို့ ဒုက္ခရောက်လာလို့ပါ ကယ်ကြပါအုံးဗျာ''
''လာပါ လာပါ အထဲဝင်ပါအုံး ဆရာမရေ လူနာအတွက်နေရာလေစီစဉ်လိုက်ပါအုံး''
''သားတို့ဘာဖြစ်လာတာလဲ ဒီက ဆရာဝန်ကလဲ
မြို့တက်သွားတယ်လေ သားတို့ အခြေအနေကလဲ မြို့တက်ဘို့ကမလွယ်လောက်ဘူးနော်''
''အဒေါ် ကျနော် လမင်းလေးကိုသာ ကယ်ပေးပါ ကျနော်က ဘာမှမဖြစ်ပါဘူး
ကျနော်မိဘတွေကို အကြောင်းကြားပီပါပြီ
သူတို့လိုက်လာကျမှာပါ ကျနော်တို့ လင်မယား
လမ်းမှာ ဓါးပြတိုက်ခံရလို့ပါ ကျနော်တို့ အသက်လုပြေးလာရတာပါ ကူညီပါနော်
ဒီငွေကိုယူပီ လမင်းအတွက် အဝတ်အစားနဲ့
အစားအသောက်ကလေးလုပ်ပေးပါနော် သူအကြာခင်သတိရလာမှာပါ ကျနော်က လုပ်စရာကိစ္စရှိသေးလို့သွားလိုက်ပါအုံးမယ်
နောက်နေ့ပြန်လာပါမယ်ဗျာ ''
''နေပါအုံး သားရယ် မေးစရာလေးရှိသေးလို့ပါ''်
ကောင်လေးအပြေးပြန်ထွက်သွားတယ်ခေါ်တာတောင်လှည့်မကြည့်တော့ဘူး အမှောင်ထဲတိုးဝင်ပျောက်
ကွယ်သွားတယ် ဒါနဲ့ဆရာမလဲ ဆရာမပါတဲ့
အဝတ်အစားထဲက ကောင်မလေးတော်မှာရွေးပီ်
ကောင်မလေးကိုသန့်ရှင်းရေးလုပ် အဝတ်အစား
လဲပေးလိုက်ထားလိုက်တယ် မကြာပါဘူး
''ရေ ရေ ရေ''
''သမီး သတိရပီလား ဖြေးဖြေး သမီး ဒီမှာရေ''
''ဆရာမ လမင်းဘယ်ရောက်နေတာလဲ''
''သမီးအခု ဆရာမတို့ဆေးပေးခန်းကိုရောက်
နေတာလေ သမီး . . . . . . . . . . . .ဖြစ်ပီရောက်
လာတာ သူကပြန်လာမယ်တော့ပြောသွားတာပဲ
သမီးသက်သာသလိုနေပါ''
''ဟုတ် ကျေးဇူပါ ဆရာမ သူနဲ့လမင်း မကြာခင်
ကမှယူထားတာလေ အခုအလုပ်ကိစ္စနဲ့ ခရီးထွက်
လာရင် လမ်းမှာ ဓါးပြတိုက်ခံရလို့ သူကကားပေါ်
ကျန်ခဲ့တာ လမင်းကို ဓါးပြတွေဖမ်းခေါ်သွားပြီ
နောက်ပိုင်းတော့မသိတော့ဘူး လမင်းအခုသတိရတော့ ဒီရောက်နေတာပဲ''
''ဟုတ်ပါပြီသမီးရယ် ကျန်တာသူလာမှမေးကြည့်လိုက်တော့မယ်
ကဲ သမီးလဲအိပ်လိုက်အုံးမနက်ဘာစားချင်လဲ
ဆရာမ အဆင်ပြေအောင်လုပ်ပေးပါမယ်''
''ရပါတယ် လမင်း အစားမရွေးပါဘူး အဆင်ပြေတာလေးပဲ လုပ်လိုက်ပါ ကျေးဇူတင်
ပါတယ် ဆရာမ''
''ဒေါက် ဒေါက် ဒေါက် ဆရာမ ကျနော်ပါ''
''အော် ညကြီးအချိန်မတော်မှကွယ်''
''ကျနော် လမင်းကို လာကြည့်တာပါ သူသက်သာရဲ့လား ''
''သူသတိရနေပါပြီ ဝင်ကြည့်လိုက်လေ ''
''ဟုတ် ဆရာမ လမင်းအိပ်နေတာပဲ ကျနော်
မနှိုးချင်ဘူး နောက်နေမှလာကြည့်တော့မယ်
ဆရာမသူကို ဂရုစိုက်ပေးပါနော် သူအတွက်
လိုအပ်တာလေးလုပ်ပေးဘို့အတွက် ဒီငွေလေး
လက်ခံပေးပါဗျာ''
''မလုပ်ပါနဲ့ ပထမပေးထားတာတောင် မကုန်သေး
ဘူး ပြန်ယူသွားပါ နောက်နေ့တော့ စောစောလာ
ညဘက်မလာနဲ့ကွယ် နေ့လယ် နေ့ခင်လာပေါ့''
ကောင်လေးမျက်နှာပျတ်သွားတယ် သူကြည့်တော့လဲ မနေ့ကအဝတ်အစားအတိုင်းပဲ
သွေးတွေလဲပေလို့ စဉ်းစားရင်ကြက်သီးထလာတယ် နောက်ပီသူက
အိမ်ထဲဝင်ပါ မပြောပဲလဲဘယ်တော့မှမဝင်ဘူး
တခုခုတော့ တခုခုပဲ
''ဆရာမ မနက်သူမိဘတွေ လာပါလိပ်မယ်
အခုတော့ ကျနော်ပြန်လိုက်တော့မယ် လမင်းကို
နှုတ်ဆက်တယ်ပြောပေးပါနော် ''
ကောင်လေးအမှောင်ထဲပြေးဝင်ပျောက်ကွယ်သွား
တယ် မနက်လင်းတော့ ဆေးခန်းရှေ့ လှည်းတစီး
လာရပ်တယ် အပေါ်က မြို့သူမြို့သားပုံနဲ့
လူကြီးလေးယောက်ဆင်းလာတယ်
''ဦးတို့ဘာကိစ္စရှိလို့လဲ မသိဘူးနော်''
''ဒီက တူမကြီးက ဒီဆေးခန်းကလားကွယ်''
''ဟုတ်ပါတယ်ရှင့်''
''ဦးတို့က သမီးလေးကို လာခေါ်တာပါ ''
''လမင်းမိဘတွေထင်တယ် ဝင်ကြပါ ထိုင်ပါအုံး
ဆရာကတော် ဆရာကတော် လမင်းမိဘတွေ
လာတယ်ရှင့်''
''သမီး လမင်း သက်သာလား သက်သာရင်
ပြန်ကျမယ်နော် ဟိုမှာ နာရေးကိစ္စလုပ်နေကလို့
ကြာသွားတယ်''
''သမီးသက်သာပါတယ် ပြန်မယ်လေ မောင့်ပါ
တခါထဲစောင့်ခေါ်သွားမယ် မောင်က ညဆိုလမင်းကိုလာကြည့်တယ်လို့ ဆရာမကိုကပြောပြထားတယ်''
''သမီး သတိထားလေ မောင်ဝသုန်သေတာ
တပတ်ရှိပြီ အခုပဲ သူ့နာရေးကိစ္စ ပီလို့
သမီးစီလိုက်လာတာ အမေတို့ အိမ်ကို လူတယောက်လာပြောသွားတာ နာရေးကိစ္စပီတဲ့နေ့က သမီးဒီရောက်နေတယ်လို့ သူကိုလဲကောင်လေး
တယောက်ကပြောခိုင်းတာတဲ့ နောက်ပီ သမီး
ပြန်ပေးဆွဲခံကတဲ့နေရာနဲ့ ဒီနေရာက အရမ်းဝေးတော့ အမေတို့အားလုံး လာပြောတဲ့
သူကိုတောင်လိမ်တယ်ထင်နေတာ သူကသက်သေ လက်ထပ် လက်စွပ်လေး
ပြမှ ယုံပီ ချက်ချင်လိုက်လာတာ''
''ဦးတို့ ခဏ ကျမ မရှင်းတာရှိလို့ပါ ဒါဆို
ကျမတို့စီ လမင်းကိုလာပို့တာက လူလား ဘာလဲ
၂ညဆက်တိုက်လာတာ နောက်ပီ ခဏနော်
ဒီမှာကြည့် သူငွေတွေတောင် ကောင်မလေးအတွက် လိုအပ်တာသုံးဘို့ဆိုပီ
ပေးသွားသေးတယ် ဟယ် သစ် သစ်ရွက်တွေ
ဆရာကတော်ကြည့်ပါအုံး ဒါဆိုသူက. . . . .''
''မောင် မောင် လမင်းကိုထားခဲ့ပီလား
လမင်း လမင်း လေ ''
''သမီး သမီး သတိထားလေ ဆရာမကြည့်ပါအုံး''
''စိတ်မကောင်းပါဘူး ဦးရယ် သူအသက်မရှိတော့ဘူး ''
ဒီရွာမှာပဲ နာရေးကိစ္စကို အားလုပ်ပီပြန်သွားကျတယ်
''ဒေါက် ဒေါက် ဒေါက်''
''ဘယ်သူလဲ''
ဟင် ဘယ်သူမှလဲမရှိဘူး ငါဘာလို့ ကြက်သီ
တွေထလာတာလဲ တခါးပိတ်မလို့လုပ်ရင်က အမှတ်မထင် ခြံပြင်အကြည့်
အမှောင်ထဲသို့ တဖြေးဖြေးဝင်ရောက်
သွားတဲ့ အဖြူရောင်အရိပ်ကလေး ၂ခုက . . . . .
''ကျေးဇူတင်ပါတယ်ရှင့်
လိုအပ်ချက်လေးများကိုလဲ
ပြောပြပေးပါအုံးရှင့်
အားလုံးကျန်းမာချမ်းသာပါစေ''
credit to 
လမင်းဝိုင်